ဆရာဝန်​မကြီး ဖြစ်​ချင်​တယ်လို့ ပြောလိုက်တဲ့ ဂုဏ်ထူး ၄ ခုရှင် အမြွှာညီမ ၃ ဦး
မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့တွင်​ ၂၀၁၈ -၂၀၁၉ ပညာသင်​နှစ်​အတွက်​ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲကို မြင်းခြံသရဝဏ်​စာသင်​ဝိုင်းမှ မသန့်ထားထား​ဇော်​၊ မသန့်​ထက်​ထက်​​ဇော်​၊ မသန့်​ထူးထူး​ဇော် တို့ အမြွှာညီမ ၃ ​ယောက်​စလုံး ဂုဏ်​ထူး ၄ ခုစီနဲ့ ​အောင်​မြင်​ခဲ့ပါတယ်​။ မြင်းခြံ သရဝဏ်​စာသင်​ဝိုင်းမှ ​ဆရာမ ​ဒေါ်မြဝင်း က “ဒီညီအမ ၃ ​ယောက်​လုံးက စာနဲ့ ပတ်​သက်​လာရင်​ သိပ်ပြီး​တော့ အသည်းအသန်​ လုပ်​​ပေးစရာ မလိုဘူး၊ သူတို့ ၃ ​ယောက်​လုံးက စာကိုလိုချင်​စိတ်​ရှိကြတယ်​။ ပြီး​တော့ သူတို့အသိစိတ်​နဲ့သူတို့ ကြိုးစားကြတယ်​။ ​ကျောင်းမှန်​မှန်​ လည်းတက်​တယ်​။ ဒီအမြွှာညီအမ ၃ ​ယောက်​လုံးက အ​နေအထိုင်​ကလည်း သိပ်အေးတယ်​။ လိမ္မာယဉ်​​ကျေးကြတယ်​။ သူတို့အချင်းချင်း စာပဲ တိုင်​ပင်​ပြီး ကြိုးစားကြတယ်​။ ဒါ​ပေမယ့် အင်္ဂလိပ်​စာ​တော့ သူတို့ အားနည်းကြတယ်။၊ […]
Continue Reading
မြင်ဖူးသမျှထဲ ဝက်ဝက်ကွဲပဲလို့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ အကြောင်း ပြောလာတဲ့ ဖွေးဖွေး
မန္တလေးမှာ ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’  ပရိုမိုးရှင်ပွဲက အားပေးသူပရိသတ်များပြားမှုကတော့ မြင်ဖူးသမျှအထဲ ဝက်ဝက်ကွဲပဲဆိုပြီး သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးက ပြောပါတယ်။ “ လွှမ်းပိုင်တို့ ရဲရင့်အောင်တို့ ပရိသတ်တွေ ဖွေးပရိသတ်တွေရော စုံသွားတော့ ဖွေးမြင်ဖူးသမျှထဲမှာ အရမ်းကို ဝက်ဝက်ကွဲပဲပေါ့နော်။ အကုန်လည်း အရမ်းပင်ပန်းကြမှာပဲ။ စနစ်တကျနဲ့ စီစီရီရီလေးဖြစ်ခဲ့ရင်တော့ အကုန်လုံးအပင်ပန်းသက်သာမှာပေါ့နော်။ ဒါပေမဲ့ ဖွေးတို့အကုန်လုံး ပျော်ခဲ့ရပါတယ်” လို့ ဖွေးဖွေးက ပြောပါတယ်။ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့မှာလည်း ဇွန်လ ၁ ရက်နေ့က စတင်ပြီးရုံတင်ပြသခဲ့ပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် သဲထိတ်ရင်ဖိုဇာတ်ကားဖြစ်တဲ့ ‘သူစိမ်းအိမ်’ ဇာတ်ကားကို လွင်မိုး၊ ထွန်းအိန္ဒြာဗိုတို့နဲ့အတူ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ “ ဖွေးတို့ သူစိမ်းအိမ် ဇာတ်ကားအတွက် […]
Continue Reading
လူတွေကြားမှာ မယုံနိုင်ဖွယ်ရာဖြစ်ခဲ့ရတဲ့ ကိုရုပ်ဆိုးနဲ့ မင်းသမီးလေးတို့ အချစ်ဇာတ်လမ်း
Zawgyi version အချစ်စစ်ဆိုတာကို တကယ်ရှာဖွေတွေ့ရှိသွားသူတွေအတွက်တော့ ရုပ်ရည်၊ ဥစ္စာစည်းစိမ်၊ ဂုဏ်သိမ်ဓန စတဲ့လူမှုရေးဆိုင်ရာ အခြေခံကွဲလွဲမှုတွေကို မျက်လုံးထဲမှာ လုံးဝမမြင်တော့ပါဘူး။ ဒါကြောင့်လည်း အချစ်မှာ မျက်လုံးမရှိဆိုတဲ့ စကားပုံလေး ဖြစ်ပေါ်လာတာ နေမှာပါ။   ဖော်ပြပါဓာတ်ပုံထဲမှာပါတဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုတော့ လူတိုင်း မှတ်မိကြပါလိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ ရှားတောင့်ရှားခဲပါဘဲ။ အကြောင်းကတော့ အမျိုးသားက မည်းမည်း၊ အမျိုးသမီးက ဖြူဖြူ ရုပ်ရည်ချင်းလည်း ဆီနဲ့ရေလို ကွားခြားပါတယ်။ အခု သူတို့စုံတွဲဟာ သမီးကလေးတောင် ရထားပြီးနေပါပြီ။အမျိုးသမီးရဲ့ အမည်ကတော့ Lucy LuvElla ဖြစ်ပြီး၊ သူမရဲ့ Facebook အကောင့်ပေါ်ကနေ သူမတို့ မိသားစုဓာတ် ပုံတွေကို မျှဝေခဲ့တာ လူထောင်ပေါင်းများစွာရဲ့ အားပေးထောက်ခံမှုကို ရခဲ့ပါတယ်။ သူမတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ အင်တာနက် လူမှုကွန်ယက်မှာ ပျံ့နှံ့ကာစအချိန်တုန်းက အိမ်နီးချင်းမြန်မာနိုင်ငံမှာတောင် လူမျိုးခြားနဲ့ ချစ်ကြိုက်တဲ့ မြန် […]
Continue Reading
ချစ်တင်းနှောပြီးနောက် အမျိုးသားတွေ မလုပ်သင့်သည့်အရာများ
Zawgyi version ဘဝတစ်ခုကို အခက်အခဲမရှိ ဖြတ်သန်းစေဖို့နဲ့၊ ကိုယ့်ရဲ့ မျိုးဆက်ကလေးတွေ မြေကမ္ဘာပေါ်မှာ ဆက်လက်တည်တံ့စေဖို့ အိမ်ထောင်ရက်သား ပြုလေ့ရှိကြပါတယ်။ အိမ်ထောင်ဘက်ကို တစ်ချို့က ပါရမီဖြည့်ဘက်လို့ သီခြားဆန်တဲ့ နာမည်နဲ့ ကန့်သတ်လိုက်ကြပြီး၊ ကိုယ့်ဘက်က ပြုရန်ရှိတဲ့ ဝတ္တရားတွေ ပျက်ကွက်တာမျိုးတွေ ရှိကြပါတယ်။ ဒါဟာ အချင်းချင်း ခွဲခြားဆက်ဆံမှုကို ဖြစ်စေပြီး၊ တကယ်တော့ အိမ်ထောင်ဘက်ဆိုတာ ပါရမီဖြည့်ဘက်ဆိုတာထက် ပိုနေပါသေးတယ်။ ဒီအထဲမှာ အိမ်ထောင်ဘက် ဇနီးနဲ့ ချစ်တင်းနှောပြီးတဲ့အခါ အမျိုးသားတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ (၁) တီဗွီကြည့်ခြင်း ချစ်တင်းနှောပြီးနောက် တီဗွီထဖွင့်တတ်တာ ယောက်ျားတိုင်း ကျူးလွန်လေ့ရှိတဲ့ အမှားလို့ ဆိုပါတယ်။ အိမ်ထောင်ရေးနဲ့ အချစ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Deborah Fox က ” ကိစ္စပြီးတော့ […]
Continue Reading
မေ​မေ ချစ်​သု​ဝေ ကဓါတ်​ပုံရိုက်​ အရမ်း​တော်​တာပဲ…
Continue Reading
‘‘ဆေးကျောင်း ဒါမှမဟုတ် ရန်ကုန်နည်းပညာတက္ကသိုလ်တစ်ခုခုတက်ဖို့ စဉ်းစားထားပါတယ်’’
၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၂ ရက် တွင် ထုတ်ပြန်ရာ ဖြေဆိုသူ ၇၅၀,၀၀၀ ကျော်တွင် အောင်မြင် သူ ၂၅၀,၀၀၀ ကျော်ရှိပြီး အောင် ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိ သည်။ ဂုဏ်ထူးရှင် ၇၅,၇၅၆ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံ ဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးအဖြစ်၅၅၃ မှတ်ဖြင့် အထက (၁) ဒဂုံမှ ခြောက်ဘာသာ ဂုဏ်ထူးရှင်မသင်းမြနွေးက ရရှိသည်။ တစ် ဘာသာလျှင် ပျမ်းမျှရမှတ် ၉၂မှတ်ကျော် ရရှိခဲ့သော အသက်(၁၆)နှစ်အရွယ် ကျောင်းသူ မသင်းမြနွေး၏ ကြိုးစားအားထုတ်မှုကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။ တစ်နိုင်ငံလုံး ပထမရရှိခဲ့တာကို သိတဲ့အခါမှာ ဘယ်လို ခံစားခဲ့ရ လဲ။ […]
Continue Reading
အမေ့ကို ပြေးပြောချင်လိုက်တာ
#မဟာအောင်မြေကိုယ်ပိုင် အထက်တန်းကျောင်းရဲ့သမီးရတနာလေး အမေ့ကို ပြေးပြောချင်လိုက်တာ 3.6.2018 Byညီညီဇော် 7 days news်ဒီကနေ့ ဇွန်လ ၂ ရက်တွင် အောင်စာရင်းတွေ ထွက်မည်ဆို ကတည်းက ဆယ်တန်းဖြေဆို ထားသည့် သမီးငယ် မအိရတနာ မိုးတစ်ယောက် စိတ်ထဲ အမျိုး အမည်မသိသော ဝေဒနာတစ်ခု ခံစားလာရသည်။ညကလည်း ကောင်းကောင်းအိပ်မပျော်။ မဖြေနိုင်၍လားဆိုတော့ မဟုတ်။ သူ ကောင်းစွာဖြေဆိုနိုင်ခဲ့ပါ၏။ သာမန်ထက် ထူး၍ပင် ပို၍ ဖြေ ဆိုနိုင်ခဲ့ပါ၏။ သို့သော် ဒီမနက် တွင်တော့ သူ့တွင် လွန်ခဲ့သော နှစ်လကျော်ကျော်က ခံစားခဲ့ရ သော ဝေဒနာကြီးတစ်ခု ပြန်လည် နိုးထလာခဲ့သည်။ မအိရတနာမိုးက မန္တလေး မြို့ ချမ်းမြသာစည်မြို့နယ် တောင်ရွာသစ် ရပ်ကွက်ထဲတွင် နေပါသည်။ သူ့တွင် […]
Continue Reading
ခင်ပွန်းနဲ့ မယားငယ်ကို လက်စားချေဖို့ (107) ပေါင်အထိ ၀ိတ်ချပြခဲ့သည့် အမျိုးသမီး
ဝလွန်းလို့ ခင်ပွန်းက သစ္စာမဲ့ခြင်းကို ခံခဲ့ရသလို၊ သူရဲ့ မယားငယ်ကလည်း သူမကို အီးဘောလောကြီးလို့ နစ်နစ်နာ နာ ပြောဆိုခံခဲ့ရတဲ့ Betsy Ayala ဟာ 2013 ခုနှစ်တုန်းက ကိုယ်အလေးချိန် 262 ပေါင် ရှိခဲ့ပါတယ်။ သူမဟာ ခင်ပွန်းနဲ့ မယားငယ်ကို နာကြည်းလွန်းလို့ နောက်ဆုံးမှာ ထင်မှတ်မထားတဲ့ ခန္ဓာကိုယ်ကို ဖန်တီးပြနိုင်ခဲ့ပါတယ်။   Ayala ဟာ တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မှာ နေထိုင်သူဖြစ်ပြီး၊ ကလေးမွေးပြီးလို့မှ မကြာမီမှာ ခင်ပွန်းသည်ဟာ တစ်ခြားအမျိုးသမီးနဲ့ ပျော်ပါးနေတာကို သိရှိခဲ့ရသူပါ။ ပိုဆိုးတာက ခင်ပွန်းသည်နဲ့ သူရဲ့မယားငယ်တို့ အပြန်အလှန် ပို့ထားတဲ့ စာထဲမှာ သူမရဲ့ 262 ပေါင်ရှိတဲ့ ကိုယ်အလေးချိန်ကြီးကို ပက်ပက်စက်စက် ရယ်ပွဲဖွဲ့ထားတာကို တွေ့လိုက်ရ တာပါ။Ayala က ” ကျွမအမျိုးသားနဲ့ ကျွန်မက အသက် 17 နှစ်ကတည်းက တွဲခဲ့ကြသူတွေပါ .. […]
Continue Reading
နှလုံးနဲ့ ဆီးချိုကို ကာကွယ်ပေးမဲ့အပြင် သင်မသိသေးတဲ့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေ
ကြက်သွန်နီကတော့ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ မရှိမဖြစ်ပါပဲ။ အစားအစာချက်ပြုတ်ရာမှာ အဓိကအသုံးပြုလေ့ရှိပြီး စားသုံးကြတာမို့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။ ကြက်သွန်နီကို ချက်ပြီးစားတာထက် အစိမ်းလိုက်စားပေးတာဟာ ပိုပြီး အကျိုးကျေးဇူးများပါတယ်။ ကြက်သွန်နီမှာပါတဲ့ အဟာရဓါတ်တွေကို အပြည့်အ၀လည်းရရှိနိုင်ပါတယ်။ ( ကြက်သွန်နီအဖြူနဲ့ အနီ နှစ်မျိုးရှိတဲ့အထဲက ကြက်သွန်နီ အနီကို ရည်ညွှန်းပါတယ်။) ကင်ဆာဆဲလ်ကြီးထွားမှုကိုကာကွယ်ပေးခြင်း ကြက်သွန်နီဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဆီးချိုထိန်းညှိပေးခြင်း ကြက်သွန်နီကို အစိမ်းစားတာဟာ အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးတွင်း ဂလုကို့စ်ပါဝင်မှုကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဓါတ် ထုတ်လုပ်နိုင်မှုအားနည်းတာကြောင့် ဆီးချိုဖြစ်ရတာပါ။ ဒါ့ကြောင့် ကြက်သွန်နီကို အစိမ်းစားပေးပါ။ ၀မ်းချုပ်ခြင်း ကြက်သွန်နီမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ၀မ်းချုပ်တာကို ပျောက်ကင်းစေပြီး ၀မ်းမှန်စေပါတယ်။ လည်ချောင်းနာခြင်း ကြက်သွန်နီအရည်ကို နှစ်ပေါင်းများစွာကတည်းကလည်ချောင်းနာတာတွေနဲ့ […]
Continue Reading
ဖခင်ရဲ့သူငယ်ချင်းက မတရားကျင့်သတ်ပြီး အလောင်းဖျောက်ခံခဲ့ရတဲ့ ကလေးမလေး
အသက်(၂၇)နှစ်အရွယ် မင်နီဆိုးတားပြည်နယ်နေ လူတစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူရဲ့ (၅)နှစ်အရွယ် သမီးလေးကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၆)ခုနှစ်သြဂုတ်လ(၂၀)ရက်နေ့ မနက်ခင်းအစောပိုင်းမှာ Zachary Toadd Anderson ဆိုသူဟာ အသက်(၅)နှစ်အရွယ်ကလေးမလေး Alayna Ertl ကို သူမနေအိမ်ကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။ အခင်းဖြစ်ပုံက သေဆုံးသူကလေးမလေးရဲ့ ဖခင်နဲ့ Anderson ဟာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပါတယ်။ သောကြာနေ့တစ်နေ့မှာတော့ Anderson ဟာ ကလေးမလေးတို့အိမ်မှာ ညအိပ်ခဲ့ပါတယ်။ မနက်မိုးလင်းတော့ Anderson ရော ကလေးမလေးပါ အိမ်ကထရပ်ကားတစ်စီးနဲ့အတူ ပျောက်နေတာကြောင့် အိမ်သားတွေက လိုက်လံရှာဖွေခဲ့ပါတယ်။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ Anderson ကို ကလေးမလေးတွေမိသားစုပိုင် သစ်လုံးအိမ်လေးတစ်အိမ်မှာ တွေ့ရှိခဲ့ပါတယ်။ ကလေးမလေးရဲ့ဖခင်က ချက်ခြင်းပဲ ရဲတွေကိုဖုန်းဆက်ခေါ်အကြောင်းကြားပြီး သစ်လုံးအိမ်နားတစ်ဝိုက်မှာ ရှာဖွေကြတဲ့အခါ တောအုပ်ထဲမှာ ဝှက်ထားတဲ့ထရပ်ကားကိုတွေ့ရှိခဲ့ပါတယ်။ ကလေးမလေးကို […]
Continue Reading